သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရွှေမြန်မာအငြိမ့်-၃ ဝတ်စုံပြည့် လေ့ကျင့်ဇာတ်တိုက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမှတ် ၂ တပ်မတော်- ရုပ်မြင်သံကြားထုတ်လုပ်ရေးတပ်မှ တပ်မှူးနှင့်အရာရှိများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀၀၀ နာရီက နေပြည်တော်၊ ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံတွင် ဝတ်စုံပြည့် လေ့ကျင့်ဇာတ်တိုက်လျက်ရှိသော ရွှေမြန်မာအငြိမ့်-၃၏ တင်ဆက်မှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များဖြစ်သော ဇာတ်တော်ကြီး ဖျော်ဖြေတင်ဆက်ခြင်း၊ အငြိမ့်ဖျော်ဖြေ တင်ဆက်ခြင်း၊ ယိမ်းနှင့် ပဒေသာအက ဖျော်ဖြေတင်ဆက်ခြင်းများကို




