“အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနား”ကျင်းပ

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီက အမျိုးသားပြတိုက်(နေပြည်တော်)၊ Mini Theatre ၌ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါက်တာမိုးဇော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာပြတိုက်များ ကောင်စီ သည် ၁၉၇၇ခုနှစ်၌စတင်၍ မေလ ( ၁၈ ) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ပြတိုက် များနေ့” (International Museum Day) အဖြစ် သတ်မှတ်ကာ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပ ပြုလုပ်ခဲ့ကြရာ ယခုနှစ်၂၀၂၂ခုနှစ်တွင်( ၄၅ )နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ International Council of Museums (ICOM)ကို ၁၉၄၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၆