သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်ချီးမြှင့်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းသည်ယနေ့နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) တွင် ကျင်းပပြုလုပ်သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက် ချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်ဦးအောင်ဆန်းဦးနှင့်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မောင်မယ်သစ်လွင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော် ဖွွံ့ဖြိုး တိုးတက်ရေးအတွက်ပညာတတ်များစွာလိုအပ်ပါကြောင်း၊ ပညာထူးချွန်ပြီးကိုယ်ကျင့် တရားကောင်းမွန်သည့် နိုင်ငံ့သားကောင်းများသည် နိုင်ငံတော်အတွက်အားထားရမည့် သူများဖြစ်ပါကြောင်း၊ ရုပ်ဝတ္တုပစ္စည်းများကို ငွေဖြင့် ချက်ခြင်းဝယ်ယူ၍ ရသော်လည်း ပညာကိုမူချက်ခြင်းဝယ်ယူ၍မရနိုင်ဘဲ အချိန်ပေးသင်ယူလေ့လာလေ့ကျင့်ရင်းဖြင့်သာ တွေးခေါ်မှုစွမ်းရည်၊ တီထွင်ကြံဆမှု စွမ်းရည်တွေရရှိပြီး တန်ဖိုးရှိတဲ့လူ့စွမ်းအား အရင်း အမြစ်တွေဖြစ်ထွန်းလာအောင်ကြိုးစား အားထုတ်ကြရမှာဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များရဲ့ထူးခြားချက်ကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်တဲ့ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ် များကိုလက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်စေရန်ရည်ရွယ်ချက်ဖြင့်သင်ကြားပေးလျှက်ရှိ သလို မြန်မာတိုင်းရင်း




