ရှေးဟောင်းသုတေသန

၁၈၈၅ ခုနှစ်မတိုင်မီက တည်ရှိခဲ့သည့် ရွှေ့ပြောင်းနိုင်သော ယဉ်ကျေးမှု ဝတ္ထုပစ္စည်း များနှင့် မရွှေ့ပြောင်းနိုင်သော သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်း ရန်နှင့် သုတေသနပြု​ဖော်ထုတ်ရန် ၁၉၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကမ္ပည်း ကျောက်စာဌာနကို ဝန်ထမ်းအင်အား(၉၆)ဦးဖြင့် ရှေးဟောင်းသုတေသနဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ပြတိုက်များ

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်တွင် အမျိုးသားပြတိုက်(နေပြည်တော်)နှင့် အမျိုးသား ပြတိုက်(ရန်ကုန်) အပါအဝင် ရှေးဟောင်းသုတေသနပြတိုက်များ၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်များ၊ အထိမ်းအမှတ် ပြတိုက် များနှင့် ဗုဒ္ဓပြတိုက်များ စုစုပေါင်း ပြတိုက်(၃၂)ခုကို အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်အတွက် ခင်းကျင်းပြသထားရှိပါသည်။

ကမ္ဘာ့အမွေအနှစ်

ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကမ္ဘာ့အမွေအနှစ် စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးမြင့်မားသည့် ဒေသများစွာ တည်ရှိပါသည်။ ၁၉၉၆ ခုနှစ် မှ စတင်၍ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ အဆိုပြုအမွေအနှစ်ဒေသ(၈)ခုကို ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ရောက်ရေး ကနဦး တင်သွင်းခဲ့ပါသည်။

ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချခြင်း

ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁) Level (1) စတုတ္ထမြောက်အပတ်ဖြစ်သည့် (၇.၁.၂၀၂၂)ရက်နေ့၌ ဆရာဒေါက်တာမောင်မောင်ဆွေ (ပါမောက္ခ၊ မြန်မာစာဌာန၊ စစ်ကိုင်းပညာရေးတက္ကသိုလ်)က ရှေးအိန္ဒိယအရေးအသားနှင့် မြန်မာပြည် ကမ္ပည်းစာများ(ပျူ၊ မွန်၊ မြန်မာ၊ သက္တ)ကို သင်ကြားပို့ချခဲ့ပြီး၊ အပတ်စဉ်စာမေးပွဲ (Tutorial) စစ်ဆေးကာ သင်ကြားပြီးသင်ခန်းစာများကို ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။ ပထမအကြိမ်သင်တန်းပြီးမြောက်ပြီဖြစ်ပြီး သင်တန်းသား များသည် (၁)လတာသင်တန်းနားချိန်တွင် စာတမ်းရေးသားကြရမည်ဖြစ်ပါသည်။ ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁) Level (1) ဒုတိယအကြိမ်ကို (၇.၂.၂၀၂၂)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် မိမိတို့ရေးသားထားသော စာတမ်းမူကြမ်းများကို အဆိုပါ ဒုတိယအကြိမ်သင်တန်းတွင် တင်ပြရမည်ဖြစ်ပါသည်။

ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချခြင်း

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် သင်ကြား ပို့ချလျက်ရှိသော ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချလျက်ရှိရာ (၅.၁.၂၀၂၂)ရက်နေ့နှင့် (၆.၁.၂၀၂၂)ရက်နေ့တို့တွင် ဆရာ ဦးအေးမင်း (ပါမောက္ခ-ငြိမ်း၊ အရှေ့တိုင်းပညာဌာန၊ ဒဂုံတက္ကသိုလ်)က ပါဠိဘာသာ မြန်မာအက္ခရာပြန်ဆိုနည်း၊ Roman Letter ဖြင့် ဖလှယ်နည်း၊ ပါဠိသဒ္ဒါစနစ်များ၊ ဝိဘတ်သွယ်ပုံများ၊ သက္ကတအက္ခရာမှ မြန်မာအက္ခရာပြန်ဆိုနည်း၊ သက္ကတအက္ခရာမှ Roman Letter ပြန်ဆိုနည်း၊ ဟိန္ဒီအက္ခရာသို့ ပြန်ဆိုနည်းများကိုလည်းကောင်း၊ (၃.၁.၂၀၂၂)ရက်နေ့မှ (၇.၁.၂၀၂၂)ရက်နေ့အထိကို ဆရာဒေါက်တာမောင်မောင်ဆွေ (ပါမောက္ခ၊ မြန်မာစာဌာန၊ စစ်ကိုင်းပညာရေးတက္ကသိုလ်)က ပျူစာပေနှင့် ပျူဘာသာစကားများအကြောင်း၊ ပျူအက္ခရာရေးသားနည်းစနစ်များ၊ စာပေအရေးအသားများပေါ်ပေါက်လာပုံစသည်တို့ကိုလည်းကောင်း ဆွေးနွေးပို့ချသင်ကြားပေး ခဲ့ကြပါသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ အတွင်းရှိ ရှေးဟောင်း ဘုရားများအား ရင်ပြင်တော်နှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အပေါ်ပိုင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ရောင်တော် ဖွင့်ခြင်းများ ဆောင်ရွက်လျက်ရှိ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားများအား အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများဆောင်ရွက်လျက်ရှိရာ (၃၁.၁၂.၂၀၂၁)ရက်နေ့မှ (၅.၁.၂၀၂၂)ရက်နေ့အတွင်း ဘုရားအမှတ် ၂၆၉၊ ၂၈၉၊ ၂၉၀၊ ၃၁၅၊ ၃၁၆၊ ၃၁၇၊ ၃၂၀၊ ၃၂၁၊ ၃၂၃၊ ၃၂၄၊ ၃၂၅၊ ၃၂၆၊ ၃၂၈၊ ၃၂၈-က၊ ၆၂၈၊ ၆၃၂၊ ၆၃၅၊ ၆၄၃၊ ၆၆၈၊ ၆၆၄၊ ၆၆၃၊ ၇၂၂-က၊ ၇၂၂-ခ၊ ၇၂၂၊ ၁၇၂၄၊ ၁၇၃၅၊ ၁၇၇၉၊ ၁၇၉၅၊ ၁၈၁၇၊ ၁၈၁၈၊ ၁၈၆၄၊ ၁၈၆၅၊ ၁၈၆၈၊ ၁၈၇၁၊ ၁၈၇၄၊ ၁၈၇၅၊ ၁၈၇၆၊ ၁၈၇၇၊ ၁၈၈၀၊ ၁၈၈၁၊ ၁၈၈၄၊ ၃၁၄၆၊ ဆပဋစေတီတို့အား အပေါ်ပိုင်းသန့်ရှင်ရေးပြုလုပ်ခြင်း၊ ဘုရားအမှတ်၁၈၀၃၊ ၁၈၀၃-က၊ ၁၈၀၄၊

ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းပို့ချခြင်း

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် သင်ကြား ပို့ချလျက်ရှိသော ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူ၊ ကျောက်စာ၊ ပါဠိနှင့်သက္ကတ) အဆင့်(၁)သင်တန်းသို့ ဒေါက်တာငြိမ်းငြိမ်း(ပါမောက္ခ/ဌာနမှူး-ငြိမ်း၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)က မြန်မာနိုင်ငံ ကျောက်ခေတ်မှ သံခေတ်အထိ တိုးတက်ပြောင်းလဲလာပုံများ၊ ပျူစာပေအက္ခရာများ၊ ရာဇကုမာရ်ကျောက်စာ (ဂူပြောက်ကြီး/မြစေတီ) ကျောက်စာ(က၊ခ)တို့၏ လေးဘာသာနှင့် အက္ခရာ(၂)မျိုးရေးထိုးပုံ၊ ကမ္ပည်း ကျောက်စာ သုတေသနပြုနည်း၊ ခေတ်ကြေးမုံ၊ သမိုင်းကွင်းဆက်၊ အထောက်အထားများ စဉ်စားလေ့လာနည်း တို့ကို ဆွေးနွေးပို့ချသင်ကြားပေး ခဲ့ပါသည်။