ရှေးဟောင်းသုတေသန

၁၈၈၅ ခုနှစ်မတိုင်မီက တည်ရှိခဲ့သည့် ရွှေ့ပြောင်းနိုင်သော ယဉ်ကျေးမှု ဝတ္ထုပစ္စည်း များနှင့် မရွှေ့ပြောင်းနိုင်သော သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်း ရန်နှင့် သုတေသနပြု​ဖော်ထုတ်ရန် ၁၉၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကမ္ပည်း ကျောက်စာဌာနကို ဝန်ထမ်းအင်အား(၉၆)ဦးဖြင့် ရှေးဟောင်းသုတေသနဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ပြတိုက်များ

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်တွင် အမျိုးသားပြတိုက်(နေပြည်တော်)နှင့် အမျိုးသား ပြတိုက်(ရန်ကုန်) အပါအဝင် ရှေးဟောင်းသုတေသနပြတိုက်များ၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်များ၊ အထိမ်းအမှတ် ပြတိုက် များနှင့် ဗုဒ္ဓပြတိုက်များ စုစုပေါင်း ပြတိုက်(၃၂)ခုကို အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်အတွက် ခင်းကျင်းပြသထားရှိပါသည်။

ကမ္ဘာ့အမွေအနှစ်

ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကမ္ဘာ့အမွေအနှစ် စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးမြင့်မားသည့် ဒေသများစွာ တည်ရှိပါသည်။ ၁၉၉၆ ခုနှစ် မှ စတင်၍ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ အဆိုပြုအမွေအနှစ်ဒေသ(၈)ခုကို ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ရောက်ရေး ကနဦး တင်သွင်းခဲ့ပါသည်။

ပထမအကြိမ် ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ပြီးစီး

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲတွင် ပထမအကြိမ် ရှေးဟောင်းသုတေသနဆိုင်ရာစာတမ်းဖတ်ပွဲကို (၂၈.၁.၂၀၂၂) ရက်နေ့၊ ပယ်ပုံတော်ဝင်း ခန်းမ၌ ကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ဒေါ်မာမာအေး(ဦးစီးအရာရှိ)က “ရွှေကြက်ကျ ဘုရား လှေဦးတိုက်ပွဲတော် လေ့လာ ခြင်းစာတမ်း”ကိုလည်းကောင်း၊ ဦးဇော်ဝင်း (စာရင်းကိုင်-၁)က မြန်မာ့အငြိမ့်ဖျော်ဖြေတင်ဆက်မှု ဆိုင်ရာလေ့လာခြင်းစာတမ်း”ကိုလည်းကောင်း၊ ဒေါ်တင်သန္တာလွင် (ဒု-ဦးစီးမှူး)က “အမရပူရ ခေတ် ဘိုးတော်ဗဒုံမင်း၏ မြေယာစီမံခန့်ခွဲမှု ပကတိပယ်နှင့် မင်းပယ်စံနှုန်းမှတ်တမ်းများ လေ့လာ ချက်စာတမ်း”ကိုလည်းကောင်း၊ ဒေါ်မျိုးပပအောင်(ဒု-ဦးစီးမှူး)က ရတနာပုံခေတ် မြနန်းစံကျော် ရွှေနန်းတော် ရေသွယ်ယူ စုဆောင်းမှု ပဏာမ လေ့လာချက်စာတမ်း”ကိုလည်းကောင်း၊ ဒေါ်ခင်သီတာလင်း(ဒု-ဦးစီးမှူး)က “မြန်မာ့ရိုးရာရွှေပွားစက္ကူလုပ်ငန်းလေ့လာချက်စာတမ်း”ကို လည်းကောင်း အသီးသီးဖတ်ကြား ခဲ့ကြပါသည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးဆွေးနွေး

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအားကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြနယ် ယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ တက်ရောက်ကြပါသည်။ ရှေးဦးစွာ မြောက်ဦးဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ရခိုင်တစ်မျိုးသားလုံး၏ အသည်းနှလုံးဟုပြောလျှင်မမှားနိုင်ကြောင်း၊ ထိုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အထူးဆန္ဒရှိသကဲ့သို့ လိုအပ်သည့် ပူးပေါင်းကူညီဆောင်ရွက်မှု များကို ယခင်နှစ်များနှင့် ယခုကာလပိုင်းများတွင်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင် ၂၀၂၁ မှ ၂၀၂၂ မီနီဘဏ္ဍာရေးနှစ်အတွင်း ဒြပ်မဲ့အမွေအနှစ်စာရင်းကောက်ယူခြင်းလုပ်ငန်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ တားမြစ်ချက် ဆိုင်းဘုတ်များစိုက်ထူခြင်းလုပ်ငန်း၊ ပြတိုက်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရန်ပုံငွေခွဲဝေချထားပေးထားပြီးဖြစ်ကြောင်း၊

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ရွှေစည်းခုံဘုရားကြီးရှိ ချူအင်လိုင်း နားနေဆောင် အဆင့်မြှင့်တင်ခြင်းဖွင့်ပွဲအခမ်းအနားနှင့် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစတင်ဆောင်ရွက်ခြင်းအခမ်းအနားသို့တက်ရောက်

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ရွှေစည်းခုံဘုရားကြီးရှိ ချူအင်လိုင်းနားနေဆောင် အဆင့်မြှင့်တင်ခြင်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့၊ (၁၀:၀၀)နာရီတွင် ချူအင်လိုင်းတန်ဆောင်း၌ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ H.E. Mr. Chen Hai ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ ဒေသမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။  အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၀:၃၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။              

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး

              သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၇.၁.၂၀၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။                ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် အဖွဲ့သည် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် (၁၃.၁၂.၂၀၂၁) ရက်နေ့မှ (၁၄.၁.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ပထဝီသတင်း အချက်အလက်စနစ် နည်းပညာဆိုင်ရာ Geographical Information System – (GIS) သင်တန်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး သင်တန်းတက်ရောက်နေသော  ဦးစီးဌာန အောက်ရှိ ဌာနခွဲ၊ ဌာနစုများမှ သင်တန်းသား ကျား(၁၁)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၁၆)ဦး တွေ့ဆုံ၍  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ သုတေသနလုပ်ငန်းများကို အထောက်အပံ့ပြုနိုင်မည့် မြေပုံရေး ဆွဲခြင်းလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ရှေးဟောင်းသုတေသန နှင့်