ရှေးဟောင်းသုတေသန

၁၈၈၅ ခုနှစ်မတိုင်မီက တည်ရှိခဲ့သည့် ရွှေ့ပြောင်းနိုင်သော ယဉ်ကျေးမှု ဝတ္ထုပစ္စည်း များနှင့် မရွှေ့ပြောင်းနိုင်သော သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်း ရန်နှင့် သုတေသနပြု​ဖော်ထုတ်ရန် ၁၉၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကမ္ပည်း ကျောက်စာဌာနကို ဝန်ထမ်းအင်အား(၉၆)ဦးဖြင့် ရှေးဟောင်းသုတေသနဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ပြတိုက်များ

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်တွင် အမျိုးသားပြတိုက်(နေပြည်တော်)နှင့် အမျိုးသား ပြတိုက်(ရန်ကုန်) အပါအဝင် ရှေးဟောင်းသုတေသနပြတိုက်များ၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်များ၊ အထိမ်းအမှတ် ပြတိုက် များနှင့် ဗုဒ္ဓပြတိုက်များ စုစုပေါင်း ပြတိုက်(၃၂)ခုကို အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်အတွက် ခင်းကျင်းပြသထားရှိပါသည်။

ကမ္ဘာ့အမွေအနှစ်

ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကမ္ဘာ့အမွေအနှစ် စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးမြင့်မားသည့် ဒေသများစွာ တည်ရှိပါသည်။ ၁၉၉၆ ခုနှစ် မှ စတင်၍ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ အဆိုပြုအမွေအနှစ်ဒေသ(၈)ခုကို ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ရောက်ရေး ကနဦး တင်သွင်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားစဉ်

ပြည်ထောင်စုဝန်ကြီး ဦးကိုကို (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြာ

၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်အဆင့် စည်းကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၁၂.၅.၂၀၂၂ ရက်နေ့၌ နေပြည်တော်ရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ (၂၃) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်ကြီးများ တက် ရောက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက Video

ပြည်ထောင်စုဝန်ကြီး ဦးကိုကို က အဖွင့်အမှာစကားပြောကြား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် မူဝါဒချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကဘာသာရပ်များကို ထည့်သွင်းသင်ကြားနိုင်ရေး  သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင်မူဝါဒချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ (၆-၅-၂၀၂၂)ရက်နေ့(၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့မှ ပါမောက္ခချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က Video Conference စနစ်ဖြင့် တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က အဖွင့်အမှာစကားပြောကြားရာတွင် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များတွင် တိုင်းရင်း သားတို့၏ ရိုးရာဂီတနှင့်အကဘာသာရပ်များကို ထည့်သွင်းသင်ကြားနိုင်ရေး  သင်ရိုးညွှန်းတမ်းရေးဆွဲ ရာတွင် ဝန်ကြီးဌာနမှ မူဝါဒမှတ်ပေးရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေးဦးတည်ချက်များမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထောက်အကူပြုစေ

ပြည်ထောင်စုဝန်ကြီးမှ “အနုသုခုမဆိုင်ရာ စာတမ်း” ဖတ်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားစဉ်

ပြည်ထောင်စုဝန်ကြီး ဦးကိုကို “အနုသုခုမဆိုင်ရာ စာတမ်း” ဖတ်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ “အနုသုခုမဆိုင်ရာ စာတမ်းဖတ်ပွဲ-၁/၂၀၂၂ ” ကို ၃.၅.၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီက နေပြည်တော်၊ ရုံးအမှတ် ၃၅ ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန “ယဉ်ကျေးမှုရတနာ” ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်နန္ဒာမွှန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ၊ သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ကြမည့် ပညာရှင်ကြီးများ၊ စာတမ်းရှင်များနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်း သုတေသီများ တက်ရောက်ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏

ရှေးဟောင်းသုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ (၁/၂၀၂၂)ကျင်းပခြင်း

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ ကျင်းပပေးလျက်ရှိရာ (၃၁.၁.၂၀၂၂)ရက်နေ့တွင် ပုဂံဌာနခွဲ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ရှေးဟောင်းသုတေသနဆိုင်ရာစာတမ်းဖတ်ပွဲ (၁/၂၀၂၂)ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမျိုးညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးမျိုးညွန့်အောင်တို့က သဘာပတိအဖြစ်ဆောင်ရွက်ပေးခဲ့ကြပါသည်။ စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ဒေါ်လင်းလင်းအိ (ဒု-ဦးစီးမှူး)က “ခေမင်္ဂဘုရား(၅)ဆူထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ လေ့လာချက်” စာတမ်းကိုလည်းကောင်း၊ ဒေါ်တင်နွယ်ဝင်း (ဒု-ဦးစီးမှူး)က “ပုဂံဒေသရှိ စိုက်ပျိုးမှုဆိုင်ရာ မျိုးရင်း အပင်များလေ့လာချက်”စာတမ်းကိုလည်းကောင်း၊ ဒေါ်လှဝင်းရီ (ဒု-ဦးစီးမှူး)က “ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်ရရှိသော မြန်မာနိုင်ငံမှ ရှားပါးစာပေပစ္စည်းများ”စာတမ်းကိုလည်းကောင်း၊ ဒေါ်ပြုံးမို့မို့လှိုင် (အငယ်တန်းအင်ဂျင်နီယာ-၂)က “ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံ အမှတ်-၅၃၉(နရသီဟပတေ့ဘုရား၊ ၅၈၈ (အဇ္ဈဂေါဏဘုရား)နှင့် ၇၁၁ (လက်ပွတ်ကန်ဘုရား)တို့၏ မဟာရံတံတိုင်းများပျက်စီးမှုအားဆန်းစစ်လေ့လာခြင်း”စာတမ်းကိုလည်းကောင်း၊ ဒေါ်ဥမ္မာကျော် (ဒု-ဦးစီးမှူး)က “မြန်မာ့ ရိုးရာထန်းယဉ်ကျေးမှုအကြောင်းလ့လာချက်”စာတမ်းကိုလည်းကောင်းဒေါ်ခင်မာချို(ဦးစီးအရာရှိ)က”ဇတ်စုံညီနောင်ဘုရားနံရံဆေးရေးပန်းချီလေ့လာချက်”စာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပါသည်။