သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်တို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များဆက်ကပ်၍ ဝန်ထမ်းများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ထိခိုက်ပျက်စီးသော ရှေးဟောင်းဘုရားများ ကြည့်ရှုစစ်ဆေး
မန္တလေး၊ မေ ၄ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၄-၅-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆရာတော်ကြီး(၂)ပါးအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခဲ့ပါသည်။ ၄-၅-၂၀၂၅ ရက်၊ ၀၉ ၀၀ အချိန်၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံ ကျောင်းတိုက် ဓမ္မာရုံ၌ ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိတော်မူကြသည့် ဆရာတော်ကြီး (၂)ပါးအား ဘွဲ့တံဆိပ်အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပခဲ့ရာ




