သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မန္တလေးတိုင်းဒေသကြီး၊ အင်းဝ ဒေသရှိ ရှေးဟောင်းဘုရားများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြတိုက်များခင်းကျင်းထားရှိမှုများအပေါ် လမ်းညွှန်မှာကြား
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်လိုက်ပါလျက် မန္တလေးဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး တာဝန်ရှိသူများနှင့်အတူ ၇-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ အင်းဝ ယဉ်ကျေးမှုဇုန် အတွင်းရှိသော ထီးလှိုင်ရှင်ဘုရား၊ ရတနာထီးအုပ်ဘုရား၊ စွယ်တော်စင်၊ ရွှေမုဌောဘုရား၊ ဂူတော်သစ်ဘုရား၊ မြို့တွင်းဂူဖြူဘုရား၊ ရွှေရင်းရဲဘုရား၊ ရွှေအုန်းပေါက်ဘုရား၊ ရွှေစည်းခုံဘုရား၊ မြသိန်းတန်ဘုရားနှင့် ရွှေတန်ဆာ ဘုရားတို့အား ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းရေးနှင့် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မိမိဝန်ထမ်းအင်အားနှင့် ဆောင်ရွက်ရန် ခက်ခဲသည့် မြင့်မား၍အန္တရာယ်ရှိသော ရှေးဟောင်းဘုရားများအား ခြုံနွယ် ပိတ်ပေါင်းများ၊ ညောင်ပင်များရှင်းလင်းရာတွင် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံ ခန့်ခွဲမှုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် အရေးကြီးပြုပြင်ထိန်းသိမ်းရန် လိုအပ်သော ရှေးဟောင်းဘုရားများအား အမြန်ဆုံး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွက်ချက် တင်ပြရန်




