အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက်(Heritage Impact Assessment – HIA) ဆောင်ရွက်၍ အမွေအနှစ်များ ရေရှည်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းကြပါစို့

ဒေါက်တာအိရွှေစင်မြင့်(ပုဂံ) အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment – HIA) ဆိုသည်မှာ ယဉ်ကျေးမှု အမွေအနှစ်အပေါ် လူသားတို့၏ ပြုမူလုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုများ (Threats)၊ ဖွံ့ဖြိုးတိုးတက်မှုများ (Development Issues)၊ ဆောက်လုပ်ရေးလုပ်ငန်းများ (Construction work)၊ မြေယာအခင်းအကျင်း ပြောင်းလဲမှုများ (Landscape changes) ၏ သက်ရောက်မှုများ (Impacts)ကို ဖော်ထုတ်ရန်၊ အကဲဖြတ် ခွဲခြမ်းစိတ်ဖြာရန် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပြီး အမွေအနှစ်များကို ပိုမို ကာကွယ်ရန်၊ သက်ရောက်မှုများကို လျှော့ချရန် အစရှိသော အပြုသဘော ဆောင်သည့် အကြံပြုချက်တို့ဖြင့် စီမံခန့်ခွဲရေးကို  ပံ့ပိုးပေးရသောလုပ်ငန်း ဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ်ဒေသများအတွက် အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) လုပ်ငန်းစဉ်မှာ ယဉ်ကျေးမှုအမွေအနှစ်အပေါ် သက်ရောက်မှု အကဲဖြတ်ချက်ဆိုင်ရာ ICOMOS လမ်းညွှန်ချက် (Guidance

မြန်မာနိုင်ငံမှ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များ (Memory of the World)

အေမီဉာဏ်ဝင်း  ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (The United Nations Educational, Scientific and Cultural Organization-UNESCO) သည် ကမ္ဘာတစ်ဝှမ်းတွင် ရှိသော ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသတွင်း အဆင့်သာမက နိုင်ငံတကာကပါ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်စေရန် ရည်ရွယ်၍ ကမ္ဘာ့အမွေအနှစ်များကို သတ်မှတ်ပေးလျက်ရှိပါ သည်။ ထိုသို့သတ်မှတ်ရာတွင် UNESCO အဖွဲ့ဝင်နိုင်ငံ (၁၉၄) နိုင်ငံတွင်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အောက်ဖော်ပြပါအတိုင်း အပိုင်း (၃) ပိုင်းခွဲခြား၍ သတ်မှတ်ပေးလျက် ရှိပါသည် – (က) ကမ္ဘာ့အမွေအနှစ် (World Heritage) –    ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ) –    ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ)။ –    ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော)။ (ခ) ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်

ပုဂံကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ ဆက်လက်လုပ်ဆောင်ရမည့် အမွေအနှစ် စောင့်ရှောက်ရေးလုပ်ငန်းများ နှင့် မဟာဗျူဟာလုပ်ငန်းများ

ဒေါက်တာအိရွှေစင်မြင့်(ပုဂံ) ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် တစ်ခုအပါအဝင်ဖြစ်သော ပုဂံဒေသသည် မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အနီးတွင် တည်ရှိပါသည်။ ပုဂံ ဒေသတွင် ပုဂံခေတ် လက်ရာများသာမက ပုဂံခေတ်နှောင်းပိုင်း (ပင်းယ၊အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်) ခေတ်အထိ ခေတ်အဆက်ဆက် လက်ရာများကို တစ်စုတစ်ဝေးတည်း လေ့လာနိုင်ပါသည်။ မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင်ကမ္ဘာ့အမွေအနှစ်ကာကွယ်စောင့်ရှောက်မှု ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ သို့သော် ၁၉၇၂ ၊ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးပြီးမှသာ မိမိတို့နိုင်ငံရှိအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ်တင်သွင်းရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ –               (က)    ၁၉၇၂ ၊ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးခြင်း၊               (ခ)     မိမိနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ဦးစွာ ရှာဖွေလေ့လာခြင်း၊               (ဂ)   ယင်းစာရင်းများကို အဆိုပြုလွှာ တင်သွင်းခြင်း (Tentative

ပုဂံကမ္ဘာ့အမွေအနှစ်‌ဒေသ၏ ရှေးခေတ် ရေအရင်းအမြစ်ဆိုင်ရာ အထောက်အထားများ ရှာဖွေ၊ ဖော်ထုတ်၊ သုတေသနပြုခြင်း နှင့် ထိန်းသိမ်းခြင်း

ဒေါက်တာအိရွေစင်မြင့်(ပုဂံ) ပုဂံကမ္ဘာ့အမွေအနှစ်ဒေသဧရိယာသည် စုစုပေါင်း (၂၃ဝ) ကီလိုမီတာ (ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသနှင့် ကြားခံဒေသ) ကျယ်ဝန်း၍ ပုဂံလွင်ပြင်နယ်နိမိတ်သည် အရှေ့ဘက်တွင် အင်တိုင်းချောင်း၊ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် နလဲတောချောင်းနှင့် အရှေ့တောင်ဘက်တွင် တုရင်တောင်တန်းတို့သည် နယ်နိမိတ်သဖွယ် တည်ရှိပြီး ရှေးဟောင်း ရေကန်၊ ရေတွင်း၊ မြစ်ချောင်းများ၊ အင်းများကို ယနေ့တိုင် တွေ့မြင်နိုင်ပါ သည်။ သုတေသနပြုလေ့လာချက်အရ ရေတွင်း၊ ရေကန်၊ အင်းအိုင်၊ စုစုပေါင်း (၉၀) ကျော်ခန့် ရှိပြီး ရေကန်(Lake) ၃၀ %၊ ရေကန်ငယ် (Pond) ၆၂ %၊ ရေတွင်း (Well) ၅% နှင့် အင်း(Pond) ၃% တို့ တွေ့ရှိရပါသည်။ ထပ်မံ၍ အသေးစိတ် သုတေသနပြုရာတွင်