ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ “အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့” အထိမ်းအမှတ်အခမ်းအနား တက်ရောက်
အမျိုးသားပြတိုက်( ရန်ကုန် )၏ ( ၄၈ ) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် အမျိုးသားပြတိုက် ( ရန်ကုန် ) တို့ ပူးပေါင်းကျင်းပသည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမျိုးသားပြတိုက် ( ရန်ကုန် ) ပထမထပ်ဘက်စုံခန်းမ၌ ကျင်းပသည်။ အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” သည် လူ့ဘောင်ထဲရှိ




