ရှေး‌ေဟာင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် အောက်ဖော်ပြပါ ရှေးဟောင်းသုတေသနပြတိုက် (၉)ခုအား ပြည်နယ်နှင့် တိုင်းအသီးသီးတို့တွင် ခင်းကျင်းပြသထားရှိပါသည် –

ပုဂံရှေးဟောင်းသုတေသနပြတိုက်

တည်နေရာ ပုဂံမြို့ဟောင်း၊ ပုဂံညောင်ဦးမြို့၊ ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက်၊ မန္တလေးတိုင်းဒေသကြီး။
ဖွင့်လှစ်သည့်ခုနှစ် ၁၇.၄.၁၉၉၈
(၁၉၀၄ ခုနှစ်တွင် အာနန္ဒာဘုရား မြောက်ဘက်၌ ပြတိုက်ငယ်တစ်ခု တည်ဆောက်ကာ ကျောက်စာတိုင်များ ပြသခဲ့ပါသည်။ ၁၉၇၉ ခုနှစ်တွင် ကန်တော့ပလ္လင်ဘုရားတောင်ဘက်တွင် ရှစ်မြှောင့်ပုံ ပြတိုက်ငယ်တစ်ခု တည်ဆောက်ဖွင့်လှစ်ပြသခဲ့ပါသည်။(ယခုကလေးများပြတိုက်အဖြစ် ဖွင့် လှစ်ပြသထားပါသည်။)
ခင်းကျင်းပြသထားမှု အထူးပင်မပြခန်း(သို့မဟုတ်)ပင်မခန်းမဆောင်၊ ပုဂံခေတ် လက်မှုအနုပညာ ပြခန်း၊ ပုဂံခေတ် ဗိသုကာပြခန်း၊ ပုဂံခေတ် လူနေမှုဘဝပြခန်း၊ ပုဂံခေတ် စာပေပြခန်း၊ ပုဂံခေတ် နန်းတော်ပုံစံငယ်ပြခန်း၊ ပုဂံခေတ် ဗုဒ္ဓအနုပညာ ပြခန်း၊ ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ် နံရံဆေးရေးပန်းချီ ပြခန်း၊ ပုဂံခေတ် ဘုရားပုထိုးပန်းချီပြခန်း၊
ဝင်ကြေး နိုင်ငံခြားသား ၅၀ဝဝိ/-၊ ပြည်တွင်း လူကြီး ၅၀ဝိ/၊ ရဟန်း၊ သံဃာ၊ သီလရှင်၊ ကလေး ၊ ကျောင်းသား အခမဲ့
ဖွင့်လှစ်သည့်အချိန် နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ
ဖုန်းနံပါတ် ၀၆၁ ၂၄၆၀၅၅၇

သရေခေတ္တရာရှေးဟောင်းသုတေသနပြတိုက်

တည်နေရာ ပြည်မြို့၊ ပြည် – ပေါင်းတလည် ကားလမ်းဘေး၊ မှော်ဇာရွာအနီး
ဖွင့်လှစ်သည့်ခုနှစ် ၁၉၈၂ ခုနှစ်၊ (အလျား ၁၀၀ ပေ၊ အနံ ၄၁ ပေရှိ ပြခန်း ၂ ဆောင်)
၂၀ဝ၀ – ၂၀ဝ၁ ခုနှစ် (အလျား ၇၀ ပေ၊ အနံ ၂၄ ပေ ရှိ ပြခန်း ၃ ဆောင်)
ခင်းကျင်းပြသထားမှု ပျူစာအထောက်အထားများ ပါရှိသည့်အရိုးအိုးများ၊ ပါဋိကတ်ကောက်နုတ် ချက်ပါ ရွှေပေလွှာများ၊ ကျောက်စာများ၊ အေဒီ ၁ရာစုမှ ၉ ရာစုအထိ တွေ့ရသော ကျောက်စာများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ်ရုပ်ကြွများ၊ အနုသုခုမဆိုင်ရာ ကြေးရုပ်ငယ်များ၊ ဒင်္ဂါးများ၊ ပျူအက္ခရာ၊ ပျူဘာသာနှင့် ပါဠိစာပါဝတ္ထု ပစ္စည်း များနှင့် ကြေးထည်ပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ဗုဒ္ဓ ဆင်းတုတော်များ၊
စာကြည့်တိုက်တွင် – မြန်မာ/အင်္ဂလိပ် – သတင်းစာများ၊ ဂျာနယ်များ၊ ဆောင်းပါးများ၊ မဂ္ဂဇင်းစာအုပ်များ၊ ရှားပါးအဖိုးတန်စာအုပ်၊
ဝင်ကြေး နိုင်ငံခြားသား ၅၀ဝဝိ/- ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန် နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ

မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်

တည်နေရာ မြောက်ဦးမြို့၊ ရခိုင်ပြည်နယ်
ဖွင့်လှစ်သည့်ခုနှစ် ၁၉၂၀
ခင်းကျင်းပြသထားမှု ဗုဒ္ဓဆင်းတုတော်ပြခန်း၊ ကျောက်စာနှင့် ရုပ်ကြွများ၊ စဉ့်ထည်နှင့် အသုံးအဆောင် ပြခန်း၊ ပန်းချီနှင့် ဓာတ်ပုံပြခန်း တို့တွင် ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်ဆိုင်ရာ ရှေးဟောင်းပစ္စည်းများ ပြသထားပါသည်။
ဝင်ကြေး နိုင်ငံခြားသား ၅၀ဝဝိ/၊ ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန် နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ

ကျောက်တော်မဟာမုနိပြတိုက်

တည်နေရာ စစ်တွေ-မြောက်ဦးကားလမ်းဘေး၊ မဟာမုနိဘုရားပရဝုဏ်အတွင်း၊ ကျောက်တော်မြို့
ဖွင့်လှစ်သည့်ခုနှစ် ၂.၃.၁၉၉၉
ခင်းကျင်းပြသထားမှု ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်ဆိုင်ရာ ရှေးဟောင်းပစ္စည်းများ ပြသထား။
ဝင်ကြေး နိုင်ငံခြားသား ၅၀ဝဝိ/၊
ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန် နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ

အင်းဝရှေးဟောင်းသုတေသနပြတိုက်

တည်နေရာ အင်းဝမြို့ဟောင်း တတိယမြို့ရိုးအတွင်း စည်တိုပုံမြို့ရိုး၏ အနောက်တောင်ထောင့် ကျုံးအပြင်ဘက်၊ တံတားဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
ဖွင့်လှစ်သည့်ခုနှစ် ၃.၃.၁၉၉၁
ခင်းကျင်းပြသထားမှု ကိုးကွယ်ယုံကြည်မှုဆိုင်ရာပြကွက်၊ လူအသုံးအဆောင်များဆိုင်ရာပြကွက်၊ အင်းဝခေတ် ကျော်ကြားခေတ်စားခဲ့သော ဆင်ယင်ထုံးဖွဲ့မှုဆိုင်ရာပြကွက်၊ စာပေ၊ နံရံပန်းချီနှင့် ဗိသုကာလက်ရာများပြကွက်
ဝင်ကြေး နိုင်ငံခြားသား ၅၀ဝဝိ/၊
ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန် နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ

ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်

တည်နေရာ ဗိဿနိုးမြို့ဟောင်း၏ အရှေ့တောင်ထောင့်အနီး၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး
ဖွင့်လှစ်သည့်ခုနှစ် ၁.၉.၂၀ဝ၈
ခင်းကျင်းပြသထားမှု ပျူစာအထောက်အထားများပါရှိသည့် အရိုးအိုးများ၊ ပါဋိကတ်ကောက်နုတ် ချက်ပါ ရွှေပေလွှာများ၊ ကျောက်စာများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ် ရုပ်ကြွများ၊ အနုသုခုမဆိုင်ရာ ကြေးရုပ်ငယ်များ၊ ဒင်္ဂါးများ၊ ပျူအက္ခရာ၊ ပျူဘာသာနှင့် ပါဠိစာပါဝတ္ထုပစ္စည်းများနှင့်ကြေးထည်ပစ္စည်းများ၊ မြေထည် ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ဗုဒ္ဓဆင်းတုတော်များ၊ အရိုးနှင့်ဆက်စပ် ပစ္စည်းများ၊ အုတ်ချပ်များ၊
ဝင်ကြေး နိုင်ငံခြားသား ၅၀ဝဝိ/၊
ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန် နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ

ရွှေဘိုရှေးဟောင်းသုတေသနပြတိုက်

တည်နေရာရွှေဘိုမြို့ဟောင်းအနီး
ဖွင့်လှစ်သည့်ခုနှစ်၂၀ဝ၆
ခင်းကျင်းပြသထားမှု
ဝင်ကြေးနိုင်ငံခြားသား ၅၀ဝဝိ/၊
ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန်နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက်တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ

တကောင်းရှေးဟောင်းသုတေသနပြတိုက်

တည်နေရာသပိတ်ကျင်းမြို့နယ်၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေးတိုင်းဒေသကြီး
ဖွင့်လှစ်သည့်ခုနှစ်၁.၉.၂၀ဝ၈
ခင်းကျင်းပြသထားမှုမြန်မာသမိုင်းတင်ခေတ်ပြခန်း၊ မြန်မာ့သမိုင်းမတင်မီခေတ်နှင့် သမိုင်းတင် ခေတ်ဦး ပြခန်း၊ တကောင်းမြို့ဟောင်းနှင့် အနီးတစ်ဝိုက်ဒေသမှ စုဆောင်း ရရှိ ထားသော ရှေးဟောင်းပစ္စည်းများ
ဝင်ကြေးနိုင်ငံခြားသား ၅၀ဝဝိ/၊
ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန်နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက်တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ

ဟန်လင်း ရှေးဟောင်းသုတေသနပြတိုက်

တည်နေရာညောင်ပင်ကုန်းရပ်ကွက် နှင့် ရေယာဉ်မောင်ရပ်ကွက်ကြား၊ ဟန်လင်းဌာနစု ရုံးဝင်း အတွင်း၊ ဟန်လင်းကျေးရွာ
ဖွင့်လှစ်သည့်ခုနှစ်၂၄.၁.၂၀၁၄
ခင်းကျင်းပြသထားမှုဟန်လင်းမြို့ဟောင်းနှင့်အနီးပတ်ဝန်းကျင်မှ စုဆောင်းရရှိထားသော ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူမြို့ပြခေတ်ဆိုင်ရာ ယဉ်ကျေးမှုဝတ္ထုပစ္စည်း၊ ငွေဒင်္ဂါးများ၊ ငွေထည်ပစ္စည်းများ၊ ရွှေထည် ပစ္စည်းများ၊ ပျူစာ အထောက်အထားများ ပါသည့် အရိုးအိုးစာများ၊ ကျောက်စာများ၊ ဒင်္ဂါးများ၊ သမိုင်းမတင်မီနှင့် သမိုင်းတင် ခေတ်ဦးကာလ ဟန်လင်းဒေသ၏ယဉ်ကျေးမှုကို ပေါ်လွင်စေသည့် အသုံးအဆောင် ပစ္စည်းများ၊
ဝင်ကြေးနိုင်ငံခြားသား ၅၀ဝဝိ/၊
ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန်နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက်တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ

ဟံသာဝတီ ရှေးဟောင်းသုတေသနပြတိုက်

တည်နေရာကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်း၊ မြင်တော်သာလမ်း၊ နန်းတော်ရာ ရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး
ဖွင့်လှစ်သည့်ခုနှစ်၁၉၉၅
ခင်းကျင်းပြသထားမှုစုဆောင်းရရှိသည့် ရှေးဟောင်းပစ္စည်းများ၊ ဟံသာဝတီခေတ် ရှေးဟောင်း ဆင်းတုတော်များ၊ အုတ်ခွက်ဘုရားများ၊ ဒင်္ဂါးပြားများ၊ ကျောက်စာ၊ ခေါင်းလောင်းစာ၊ မုတ္တမစဉ့်အိုးများနှင့် ကျွန်းတိုင်များ၊ သမိုင်းမှတ်တမ်း များနှင့် ဓာတ်ပုံများ၊
ဝင်ကြေးနိုင်ငံခြားသား ၅၀ဝဝိ/၊
ပြည်တွင်းအခမဲ့
ဖွင့်လှစ်သည့်အချိန်နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက်တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ