သရေခေတ္တရာမြို့ဟောင်း၏ အပြင်ဘက်၊ ဘုရားမာဘုရား၏ အရှေ့မြောက်ဘက် ကိုက် (၃၀၀)ခန့် အကွာတွင် တည်ရှိသည်။ ၁၉၆၆-၁၉၆၇ ဘဏ္ဍာရေးနှစ်တွင် ဦးစိန်မောင်ဦး ဦးဆောင် သောအဖွဲ့မှ တူးဖေါ်ခဲ့ပါသည်။ ဘာသာရေးဆိုင်ရာ အဆောက်အဦး ဖြစ်သည်။ ဤကုန်းမှ ကြေး ဆင်းတု (၁)ဆူ၊ ဘုရားအလောင်း လောကနာထ ကြေးဆင်းတု(၁)ဆူ၊ ကြေးခေါင်းလောင်း (၁)လုံး၊ ကြေးခေါင်းလောင်း အတွင်းမှ တီးမှုတ်ကခုန်နေဟန် ပျူကြေးရုပ် (၅)ရုပ်တို့ကို တူးဖော် တွေ့ရှိရ သည်။
၎င်းတွေ့ရှိပစ္စည်းများအနက် ကြေးခေါင်းလောင်းအတွင်းမှ ရရှိသော တီးမှုတ်ကခုန် နေဟန် ပျူကြေးရုပ် (၅)ရုပ်မှာ ပျူခေတ်ဂီတအဖွဲ့ သရုပ်ဖော်ကြေးရုပ်ငယ်များဖြစ်သည်။ ထိုကြေးရုပ် (၅) ရုပ်တို့သည် အမြင့်(၁၁)လက်မရှိသော ကြေးခေါင်းလောင်း တစ်လုံးအတွင်းမှ တွေ့ရှိရခြင်းဖြစ်သည်။ သရေခေတ္တရာ ပျူမြို့တော်တွင် နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်သော ဂီတအနုသုခုမအဖွဲ့ရှိခဲ့ကြောင်း ခိုင်မာသည့် အထောက်အထားကို ဤပျူကြေးရုပ်ငယ်များမှ တစ်ဆင့် သက်သေပြနေပါသည်။
