တောင်လုံးညိုရွာ အနီးတွင် တည်ရှိသည်။ ကျောက်ချပ်ရုံ အတွင်းတွင် ကျောက်ချပ် (၃)ချပ် ရှိရာ (၁)ချပ်မှာ အောက်ခြေအနည်းငယ်သာ ရှိပါသည်။ ကျန်သောကျောက်ချပ် (၂)ချပ်မှာ အလွန်ကြီးမားသော ကျောက်တုံးကြီးများအား ထွင်းထုထားခြင်း ဖြစ်သည်။ ကျောက်ချပ်ရှိ ဆင်းတုတော် များမှာ ဘူမိဖဿမုဒြာဟန်ဖြစ်ပြီး မျက်နှာတော်မှာ ပျက်စီးနေပါသည်။
