သရေခတ္တရာမြို့ဟောင်း၏ တောင်ဘက်တွင် တည်ရှိသည်။ ကျောက်ချပ်ရုံ အတွင်းတွင် သဲကျောက်ချပ်ပေါ်၌ ရုပ်ကြွထုဆစ်ထားသော ကျောက်ချပ်(၂)ချပ် ရှိပါသည်။ ကျောက်ချပ် ပေါ်တွင် မြတ်စွာဘုရားရှင် တင်ပျဉ်ခွေကာ စံပယ်တော်မူ၍ ညာဘက်တွင် လက်အုပ်ချီနေသော နတ်သား နှစ်ပါးနှင့် ဘယ်ဘက်တွင် မတ်တပ်ရပ်နေသော ပုဂ္ဂိုလ်(၃)ဦးကို တွေ့မြင်နိုင်ပါသည်။ ကျောက်ချပ်၏ ဘယ်ဘက်ထိပ်မှာ ကျိုးပဲ့ပျက်စီးနေသည်။
