သရေခေတ္တရာမြို့ဟောင်းသို့ လာရောက်လေ့လာ လည်ပတ်ပါက ဦးစွာလေ့လာ တွေ့ရှိရမည့်နေရာမှာ နဂါးတွန့်မြို့ဝင်ပေါက်ဖြစ်ပါသည်။ မြောက်ဘက်လက်တံသည် မြို့ရိုးမှ တံတောင်ဆစ်ချိုးကွေ့ထားကြောင်းတွေ့ရသည်။ တောင်ဘက်လက်တံမှာ ခပ်ပြေပြေ ကွေးထား ပြီး အနောက်ဘက်ဆီသို့ သွယ်တန်းနေသည်။ နဂါးတွန့်ပေါက်၏ထူးခြားချက်မှာ အနောက် မြောက်ထောင့်တွင် အနည်းငယ်တွန့်နေသည်ကို တွေ့မြင်ရပါသည်။ အကာအကွယ် အရံအတားအဖြစ် တွန့်ထားခြင်းဖြစ်သည်ဟု ယူဆရပါသည်။ နဂါးတွန့်တံခါးသည် ကူးသန်း ရောင်းဝယ်ရေးအတွက် အဓိကဖြစ်ဟန်ရှိသည်။

နဂါးတွန့်မြို့ဝင်ပေါက်ရှိ မြို့ရိုးမှာ မို့မောက်မြင့်မားပြီး ပတ်ဝန်းကျင်ရှုခင်းများအား အပေါ်စီးမှ ကြည့်ရှုလေ့လာနိုင်ခြင်း၊ စိမ်းလန်းစိုပြေသော မြေယာရှုခင်းများကို လေ့လာ ကြည့်ရှုခံစားကာ လေကောင်းလေသန့်ရရှိသော အနားယူအပန်းဖြေနိုင်သော နေရာတစ်ခု ဖြစ်ပါသည်။ အများပြည်သူ စိတ်ချမ်းမြေ့စွာ လေ့လာနိုင်စေရန် ပတ်ဝန်းကျင်အား သန့်ရှင်း သပ်ရပ်နေစေရန် ဆောင်ရွက်ထားရှိခြင်း၊ မြို့ရိုး၏အဝင်ဝတွင် သရေခေတ္တရာကမ္ဘာ့အမွေအနှစ် Logo စိုက်ထူပေးထားခြင်းတို့ကြောင့် လာရောက်လေ့လာသူများအနေဖြင့် ဓာတ်ပုံမှတ်တမ်း တင်ခြင်းများ၊ မြေယာရှုခင်းများကို ပြတိုက်သဖွယ် ပြင်ဆင်ထားရှိခြင်းကြောင့် စိတ်ကြည်နူး စေသည့် ကမ္ဘာ့အမွေအနှစ်ဒေသသို့ အလည်ရောက်ရှိကြောင်း အများပြည်သူအား စွဲဆောင် လျက်ရှိသော နေရာတစ်ခုပင် ဖြစ်ပါသည်။

သရေခေတ္တရာမြို့ဟောင်းအတွင်း ဆက်လက်လေ့လာကြည့်ရှုနိုင်မည့်နေရာများ

ဘုရားမာစေတီ

ဘောဘောကြီးစေတီ

ဘဲဘဲဂူဘုရား

လေးမျက်နှာဂူဘုရား

ဆွေတော်မျိုးတော်များ၏သင်္ချိုင်း

တူးဖော်မှုကုန်းအမှတ်(၅၃)

ရဟန္တာရေကန်

ရဟန္တာဂူဘုရား

ရဟန္တာတံခါးမြို့ဝင်ပေါက်

နတ်ပေါက်မြို့ဝင်ပေါက်

လုလင်ကျော်မြို့ဝင်ပေါက်

မသီးကျတူးဖော်မှုကုန်း

ဘုရားထောင်

ဘုရားကြီး

အရှေ့ဈေးဂူ ဂူဘုရား

ရွှေနန်းဦးစေတီ

စက်တိုင်စေတီ

ညီးညီးစေတီ

ဆင်ချည်တိုင်စေတီ

ဆူး‌ပုတ်ကုန်း (ခေါ်) ပေါ်တော်မူစေတီ

သရေခေတ္တရာနန်းတော်ရာ

သာယာဝတီမြို့ဝင်ပေါက်

ဦးခင်ဘကုန်း

ဖိုးခေါင်ကန်ကျောက်ချပ်ရုံ

ထူပါရုံကျောက်ချပ်ရုံ

တူးဖော်မှုကုန်းအမှတ်(၈)

သီရိခေတ္တရာရှေးဟောင်းသုတေသနပြတိုက်