လေးမျက်နှာဂူဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်တွင် တည်ရှိ ပါသည်။ လေးမျက်နှာဘုရားသည် မုခ်လေးမုခ်နှင့် ဝင်ပေါက်လေးပေါက်ရှိသည့် ဂူဘုရား တစ်ဆူဖြစ်သည်။ ပျူခေတ်နှောင်း အေဒီ(၄-၉)ရာစုတွင် တည်ဆောက်ခဲ့သော ဂူဘုရား တစ်ဆူဟု ခန့်မှန်းသိရှိရပါသည်။ ဂူဘုရား၏ပျက်ယွင်းနေသော အစိတ်အပိုင်းများကိုလည်း ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းပြီး ဖြစ်ပါသည်။ လေးမျက်နှာဘုရား၏ ဗိသုကာ ပုံစံသည် လေးထောင့်ပုံစံဖြစ်သည်။ ဂူဘုရားအတွင်းသို့ ဝင်ရန်ဝင်ပေါက် လေးပေါက်ဖြင့် တည်ဆောက်ထားသည်။  ဝင်ပေါက်များကို ပေါင်းကူးပုံစံဖြင့် တည်ဆောက်ထားပါသည်။ အပေါ်တွင် ပစ္စယံအဆင့်နိမ့်(၃)ဆင့်ရှိပြီး အလယ်မဏ္ဏိုင်ထား၍ တည်ဆောက်ထားသည့် ဂူဘုရားတစ်ဆူဖြစ်ပါသည်။ ဂူဘုရား၏အနားတစ်ဘက်စီလျှင် (၂၂ပေ၊ ၅လက်မ) ရှိ၍ ဉာဏ်တော်မှာ(၂၃)ပေခန့် မြင့်ပါသည်။

ယခုအခါတွင် လေးမျက်နှာဂူဘုရားကို သံဟင်ဂလန်များဖြင့် အတွင်း/အပြင် လေးဘက် လေးတန်ချုပ်၍ ထိန်းသိမ်းထားပါသည်။ ထိုသို့ ထိန်းသိမ်းထားရခြင်းမှာ အဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် နောင်လာနောင်သားများ ရှေးဟောင်းအမွေအနှစ် အဆောက် အအုံများကို လေ့လာသိရှိခွင့်ရရှိစေရန် ထိန်းသိမ်းထားခြင်း ဖြစ်ပါသည်။ လေးမျက်နှာ ဂူဘုရား၏ရင်ပြင်တော်အား တံတိုင်းလေးဘက်ဖြင့်ကာရံထားပြီး အရှေ့ဘက်တွင် ဝင်ပေါက် တစ်ပေါက်ရှိပါသည်။ ဂူဘုရား၏အနီးပတ်ဝန်းကျင်တွင် သဘာဝအလျောက် ပေါက်ရောက် လျက်ရှိသော ကျွန်းပင်၊ ပျဉ်းမပင်စသော ဒေသပေါက်ပင်များကို တွေ့မြင်နိုင်ပါသည်။

သရေခေတ္တရာမြို့ဟောင်းအတွင်း ဆက်လက်လေ့လာကြည့်ရှုနိုင်မည့်နေရာများ


ဘုရားမာစေတီ

ဘောဘောကြီးစေတီ

ဘဲဘဲဂူဘုရား

ဆွေတော်မျိုးတော်များ၏သင်္ချိုင်း

တူးဖော်မှုကုန်းအမှတ်(၅၃)

ရဟန္တာရေကန်

ရဟန္တာဂူဘုရား

ရဟန္တာတံခါးမြို့ဝင်ပေါက်

နဂါးတွန့်မြို့ဝင်ပေါက်

နတ်ပေါက်မြို့ဝင်ပေါက်

လုလင်ကျော်မြို့ဝင်ပေါက်

မသီးကျတူးဖော်မှုကုန်း

ဘုရားထောင်

ဘုရားကြီး

အရှေ့ဈေးဂူ ဂူဘုရား

ရွှေနန်းဦးစေတီ

စက်တိုင်စေတီ

ညီးညီးစေတီ

ဆင်ချည်တိုင်စေတီ

ဆူး‌ပုတ်ကုန်း (ခေါ်) ပေါ်တော်မူစေတီ

သရေခေတ္တရာနန်းတော်ရာ

သာယာဝတီမြို့ဝင်ပေါက်

ဦးခင်ဘကုန်း

ဖိုးခေါင်ကန်ကျောက်ချပ်ရုံ

ထူပါရုံကျောက်ချပ်ရုံ

တူးဖော်မှုကုန်းအမှတ်(၈)

သီရိခေတ္တရာရှေးဟောင်းသုတေသနပြတိုက်