ဘဲဘဲဂူဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်၊ ဘောဘောကြီး စေတီ၏ အ‌ရှေ့ဘက်၊ ကုန်းအမှတ်(၃၆)အနီးတွင် တည်ရှိပါသည်။ ဘဲဘဲဂူဘုရားကို အေဒီ (၇)ရာစုလောက်က တည်ထားခဲ့သည်ဟု ခန့်မှန်းကြသည်။ အရှေ့ဘက်တွင် မုခ်ပေါက် ဖြင့် တည်ဆောက်ထားသည်။ အုတ်အဆောက်အအုံတစ်ခုဖြစ်ပြီး အတွင်းနံရံတွင် မုခ်ခုံ များနှင့် အင်္ဂတေပန်းတော့လက်ရာတို့ ပါရှိပါသည်။ ဘုရားမှာ အလျား(၁၇)ပေ၊ အနံ(၁၆)ပေ၊ ဉာဏ်တော်မှာ(၂၃) ပေခန့်ရှိပါသည်။ အဆောက်အအုံ အပေါ်ပိုင်း၌ ပစ္စယာငယ် (၃)ဆင့် ပါရှိပြီး ထိုအထပ်တွင် သိခရ(ခေါ်)ကွမ်းတောင်ပေါက်ထားသည်။ ဂူဘုရားကို လေးထောင့် စပ်စပ်တည်ဆောက်ထားပြီး ဂူအတွင်းပိုင်းတွင် ပေါင်းခုံးနှင့် မုခ်ခုံးများဖြင့် မွမ်းမံ တည်ဆောက် ထားပါသည်။ ဂူဘုရားအတွင်းတွင် သဲကျောက်ဖြင့်ပြုလုပ်ထားသော ထိုင်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တစ်ဆူနှင့် ရှိခိုးနေဟန်သာဝကနှစ်ပါး ရုပ်ကြွများ ထုလုပ်ကိုးကွယ်ထားပါသည်။

သရေခေတ္တရာမြို့ဟောင်းအတွင်း ဆက်လက်လေ့လာကြည့်ရှုနိုင်မည့်နေရာများ


ဘုရားမာစေတီ

ဘောဘောကြီးစေတီ

လေးမျက်နှာဂူဘုရား

ဆွေတော်မျိုးတော်များ၏သင်္ချိုင်း

တူးဖော်မှုကုန်းအမှတ်(၅၃)

ရဟန္တာရေကန်

ရဟန္တာဂူဘုရား

ရဟန္တာတံခါးမြို့ဝင်ပေါက်

နဂါးတွန့်မြို့ဝင်ပေါက်

နတ်ပေါက်မြို့ဝင်ပေါက်

လုလင်ကျော်မြို့ဝင်ပေါက်

မသီးကျတူးဖော်မှုကုန်း

ဘုရားထောင်

ဘုရားကြီး

အရှေ့ဈေးဂူ ဂူဘုရား

ရွှေနန်းဦးစေတီ

စက်တိုင်စေတီ

ညီးညီးစေတီ

ဆင်ချည်တိုင်စေတီ

ဆူး‌ပုတ်ကုန်း (ခေါ်) ပေါ်တော်မူစေတီ

သရေခေတ္တရာနန်းတော်ရာ

သာယာဝတီမြို့ဝင်ပေါက်

ဦးခင်ဘကုန်း

ဖိုးခေါင်ကန်ကျောက်ချပ်ရုံ

ထူပါရုံကျောက်ချပ်ရုံ

တူးဖော်မှုကုန်းအမှတ်(၈)

သီရိခေတ္တရာရှေးဟောင်းသုတေသနပြတိုက်