ရဟန္တာဂူဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်ရဟန္တာကန် အနီး တွင် တည်ရှိသည်။ အေဒီ(၆-၇)ရစု၌ တည်ထားကိုးကွယ်ခဲ့သည့် ဝင်ပေါက်(၃)ပေါက် ပါရှိသော လိုဏ်ဘုရားတစ်ဆူ ဖြစ်ပါသည်။ ဝင်ပေါက်(၃)ပေါက်အနက် မြောက်ဘက် မျက်နှာဝင်ပေါက်သည် ကျန်ဝင်ပေါက်များထက် ကျဉ်းမြောင်းသေးငယ်သည်။ အမြင့်(၁၁)၊ အလျား (၂၉) ၊ အနံ(၁၂) အသီးသီးရှိသည်။ အတွင်းခန်း၏ အကျယ်အဝန်းမှာ အလျား (၁၄ ၁၀)၊အနံ(၈)ရှိသည်။ အတွင်းခန်း၏ တောင်ဘက်နံရံရှိ ကျောက်ပြားချပ်ပေါ်တွင် လက်တော် ဘယ်တင်ညာချကာ ဘူမိဖဿမုဒြာဟန်ဖြင့် တင်ပျဉ်ခွေ စံပယ် နေသော ဗုဒ္ဓရုပ်ပွားတော် (၇)ဆူတန်းလျက် ရုပ်ကြွဖော်ထားသည်ကို ဖူးတွေ့နိုင်သည်။ ရဟန္တာဂူ၏ ဗိသုကာပန္နက် ပုံစံမှာ ဝင်ပေါက်(၃) ပေါက်ပါရှိသော လေးထောင့်ပုံဂူဘုရား ဖြစ်ပါသည်။

ရဟန္တာဂူဘုရားအရှေ့ဘက်တွင် ရှေးဟောင်းရဟန္တာရေကန်တည်ရှိပြီး အများပြည်သူ များ ဘုရားဖူးရင်း အပန်းဖြေအနားယူနိုင်ရန်အတွက် ရေကန်ပတ်လည်တွင် အလှပန်းပင် များ၊ ခုံတန်းလျားများ ပြုလုပ်ထားရှိပါသည်။ ထို့အပြင် ရဟန္တာမြို့ဝင်ပေါက်မှ ရဟန္တာဂူဘုရား သို့ သွားရာလမ်းဘေးဝဲယာတွင်လည်း အလှပန်းပင်များဖြင့် စိုက်ပျိုးပြသထားပါသည်။ ရဟန္တာ ဂူဘုရားသည် သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်ခြမ်းရှိ ရှေးဟောင်း အမွေအနှစ် စေတီ၊ ပုထိုးများနှင့် အဆောက်အအုံများ သွားရောက်လေ့လာရာ လမ်းဘေးတွင် တည်ရှိ နေသောကြောင့် လာရောက်လေ့လာသော အများပြည်သူများဖြင့် စည်ကားလျက် ရှိပါသည်။

သရေခေတ္တရာမြို့ဟောင်းအတွင်း ဆက်လက်လေ့လာကြည့်ရှုနိုင်မည့်နေရာများ


ဘုရားမာစေတီ

ဘောဘောကြီးစေတီ

ဘဲဘဲဂူဘုရား

လေးမျက်နှာဂူဘုရား

ဆွေတော်မျိုးတော်များ၏သင်္ချိုင်း

တူးဖော်မှုကုန်းအမှတ်(၅၃)

ရဟန္တာရေကန်

ရဟန္တာတံခါးမြို့ဝင်ပေါက်

နဂါးတွန့်မြို့ဝင်ပေါက်

နတ်ပေါက်မြို့ဝင်ပေါက်

လုလင်ကျော်မြို့ဝင်ပေါက်

မသီးကျတူးဖော်မှုကုန်း

ဘုရားထောင်

ဘုရားကြီး

အရှေ့ဈေးဂူ ဂူဘုရား

ရွှေနန်းဦးစေတီ

စက်တိုင်စေတီ

ညီးညီးစေတီ

ဆင်ချည်တိုင်စေတီ

ဆူး‌ပုတ်ကုန်း (ခေါ်) ပေါ်တော်မူစေတီ

သရေခေတ္တရာနန်းတော်ရာ

သာယာဝတီမြို့ဝင်ပေါက်

ဦးခင်ဘကုန်း

ဖိုးခေါင်ကန်ကျောက်ချပ်ရုံ

ထူပါရုံကျောက်ချပ်ရုံ

တူးဖော်မှုကုန်းအမှတ်(၈)

သီရိခေတ္တရာရှေးဟောင်းသုတေသနပြတိုက်