‌ဘုရားမာစေတီကို သရေခေတ္တရာမြို့ဟောင်း၏ အရှေ့မြောက်ဘက် ပြည်-ပေါက်ခေါင်း ကားလမ်းနံဘေး၊ ကုန်းရိုးကျေးရွာအနီးတွင် တည်ရှိပါသည်။ အစဉ်အလာ ပြောဆိုမှုများနှင့် မြန်မာရာဇဝင်ကျမ်းအချို့တွင် စေတီတော်၌ ဘုရားရှင်၏ဓာတ်တော်နှင့် လက်သည်းတော်၊ ခြေသည်းတော်၊ ညှပ်ရိုးတော်တို့ကို ဌာပနာထား၍ တည်ထား ကိုးကွယ်ခဲ့သော စေတီတစ်ဆူဖြစ်ကြောင်း သိရှိရပါသည်။ ရှေးယခင်က “သရိုင်မာ” စေတီဟု ခေါ်ဝေါ်ခဲ့ကြပြီး အေဒီ(၆-၇)ရာစုတွင် ဒွတ္တဘောင်မင်းကြီးမှ တည်ထားခဲ့သော ဉာဏ်တော် အမြင့် (၁၃၈)ပေရှိသည့် စေတီတစ်ဆူဖြစ်ပါသည်။ ဘုရားမာစေတီကြီး၏ ဗိသုကာပုံစံမှာ ကြီးမားမတ်စောက်သော ခေါင်းလောင်းပုံစံရှိပြီး ထိပ်ပိုင်းတွင် ခရေသီးပါရှိ၍ ထီးတော်တင် ထားသည်။ ပစ္စယာလေးဆင့်ပါရှိပြီး ထောင့်(၁၆)မြှောင့်ပါသော ပစ္စယာ(၃)ဆင့်နှင့် စတုတ္ထ ပစ္စယာမှာ အဝိုင်းပုံစံဖြစ်ပါသည်။ ဘုရားမာစေတီတော်ကြီးကို အုတ်ဖြင့်ဂင်းပိတ်ပုံစံ အဆင်တန်ဆာမရှိဘဲ ရိုးရိုးရှင်းရှင်း တည်ဆောက်ထားပါသည်။

သရေခေတ္တရာမြို့ဟောင်းအတွင်း ဆက်လက်လေ့လာကြည့်ရှုနိုင်မည့်နေရာများ


ဘောဘောကြီးစေတီ

ဘဲဘဲဂူဘုရား

လေးမျက်နှာဂူဘုရား

ဆွေတော်မျိုးတော်များ၏သင်္ချိုင်း

တူးဖော်မှုကုန်းအမှတ်(၅၃)

ရဟန္တာရေကန်

ရဟန္တာဂူဘုရား

ရဟန္တာတံခါးမြို့ဝင်ပေါက်

နဂါးတွန့်မြို့ဝင်ပေါက်

နတ်ပေါက်မြို့ဝင်ပေါက်

လုလင်ကျော်မြို့ဝင်ပေါက်

မသီးကျတူးဖော်မှုကုန်း

ဘုရားထောင်

ဘုရားကြီး

အရှေ့ဈေးဂူ ဂူဘုရား

ရွှေနန်းဦးစေတီ

စက်တိုင်စေတီ

ညီးညီးစေတီ

ဆင်ချည်တိုင်စေတီ

ဆူး‌ပုတ်ကုန်း (ခေါ်) ပေါ်တော်မူစေတီ

သရေခေတ္တရာနန်းတော်ရာ

သာယာဝတီမြို့ဝင်ပေါက်

ဦးခင်ဘကုန်း

ဖိုးခေါင်ကန်ကျောက်ချပ်ရုံ

ထူပါရုံကျောက်ချပ်ရုံ

တူးဖော်မှုကုန်းအမှတ်(၈)

သီရိခေတ္တရာရှေးဟောင်းသုတေသနပြတိုက်