မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ရေးသားခြင်းနှင့်ပတ်သက်၍ ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲကျင်းပ
ဇွန်၊ ၁၈ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ရေးသားပြုစုရေးအတွက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အမျိုးသားပြတိုက်၊ ဘက်စုံခန်းမ တွင် ယနေ့ နံနက် ၉:၀၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့်အရာရှိကြီးများ၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကျောက်ဖြစ်



