ပြောင်းလဲလျက်ရှိသော အသိုက်အဝန်းများအတွင်း ပြတိုက်များ၏အခန်းကဏ္ဍ
၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အားကြိုဆိုဂုဏ်ပြုအပ်ပါသည်။မကြာမီ မေလ ၁၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day – IMD) သည်ကမ္ဘာတစ်ဝှမ်းရှိ ပြတိုက်အချင်းချင်း ဆက်သွယ်ပေးသည့် ပြတိုက်များ၏ အရေးပါသည့်နေ့တစ်နေ့ဖြစ်ပါသည်။အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (ICOM) သည် ၁၉၇၇ ခုနှစ် မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို ကျင်းပခဲ့ရာ ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်တွင်(၄၈)နှစ်မြောက် ကျရောက်မည်ဖြစ်ပေသည်။ ယခုနှစ် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day – IMD 2025) အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ“The Future of Museums in Rapidly Changing Communities”



