မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ရေးသားခြင်းနှင့်ပတ်သက်၍ ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲကျင်းပ

ဇွန်၊ ၁၈ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ရေးသားပြုစုရေးအတွက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အမျိုးသားပြတိုက်၊ ဘက်စုံခန်းမ တွင် ယနေ့ နံနက် ၉:၀၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့်အရာရှိကြီးများ၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊  ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကျောက်ဖြစ်

လှူဒါန်းနိုင်ရန်နှိုးဆော်ချက်

၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနှင့် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံ (၁၇၈၂) ဆူနှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ (၄၉၉၈) ခု၊ စုစုပေါင်း (၆၇၈၀) ဆူ ထိခိုက်ပျက်စီးခဲ့ပါသည်။ အဆိုပါထိခိုက် ပျက်စီးမှုများကို ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် သဒ္ဓါတရားနည်းများမဆို ပါဝင် လှူဒါန်းနိုင်ပါကြောင်းနှင့် လှူဒါန်းလိုပါက အောက်ဖော်ပြပါဘဏ် Acc များသို့လည်းကောင်း၊ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍လည်းကောင်း၊ MMQR အား Scan ဖတ်၍လည်းကောင်း ထည့်ဝင် လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်- ဆက်သွယ်လှူဒါန်းရန် ဖုန်းနံပါတ်များ နေပြည်တော် နေပြည်တော်သာသနာရေးမှူးရုံး၀၆၇ ၃၅၅၀၁၈၃၊ ၀၉ ၄၂၀၇၀၁၄၆၉ ဒေါ်နီလာအေး၊ ဒုတိယညွှန်ကြားရေးမှူး ၀၉ ၄၂၀၇၁၄၇၆၀ ရန်ကုန်တိုင်း