မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ရေးသားခြင်းနှင့်ပတ်သက်၍ ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲကျင်းပ

ဇွန်၊ ၁၈ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ရေးသားပြုစုရေးအတွက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အမျိုးသားပြတိုက်၊ ဘက်စုံခန်းမ တွင် ယနေ့ နံနက် ၉:၀၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့်အရာရှိကြီးများ၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊  ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကျောက်ဖြစ်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ “အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့” အထိမ်းအမှတ်အခမ်းအနား တက်ရောက်

အမျိုးသားပြတိုက်( ရန်ကုန် )၏ ( ၄၈ ) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် အမျိုးသားပြတိုက် ( ရန်ကုန် ) တို့ ပူးပေါင်းကျင်းပသည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းက အမျိုးသားပြတိုက် ( ရန်ကုန် ) ပထမထပ်ဘက်စုံခန်းမ၌  ကျင်းပသည်။ အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” သည် လူ့ဘောင်ထဲရှိ

မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ်အနေနှင့် လှုပ်ရှားမှုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာ့သမိုင်းမှတ်တမ်းများတွင် ရှေးနှစ်ပေါင်းထောင်ချီကာလကပင် အသုံးပြုခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် မြန်မာ့သနပ်ခါးကို UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တွင် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအား ပူးပေါင်းပါဝင်နိုင်ရန်နှင့် ပညာပေးနိုင်ရန် ရည်ရွယ်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ အမျိုးသားပြတိုက်(နေပြည်တော်၊ ရန်ကုန်)၊ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးရှိ ရှေးဟောင်းသုတေသနပြတိုက်များ၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်များ၌ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ပြတိုက်များသို့လာရောက်လည်ပတ်သော ပြည်တွင်း/ ပြည်ပဧည့်သည်များ၊ ကျောင်းသား/ကျောင်းသူများ ကို သနပ်ခါးနှင့်ပတ်သက်သော သိမှတ် ဖွယ်ရာများကို ခင်းကျင်းပြသခြင်း၊ ပြတိုက်သို့လာရောက်သူများသည် သနပ်ခါးလိမ်းခြယ်ခြင်းကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ်အနေနှင့် လှုပ်ရှားမှုအစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားပြတိုက်များနှင့်

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity)သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက်( မြန်မာ့သနပ်ခါးနေ့) အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်ကျင်းပခြင်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်အားပေး

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ ၂၀၂၅ခုနှစ် မတ်လ မတိုင်မီ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအဖြစ် တပို့တွဲလပြည့် ( မြန်မာ့သနပ်ခါးနေ့) အထိမ်းအမှတ်အနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့များနှင့် ပတ်သက်၍ ပညာပေးအစီအစဉ်များကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ဖေဖော်ဝါရီလ တစ်လလုံး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ပြတိုက်များနှင့် စာကြည့်တိုက်များတွင် ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူများကို အမျိုးသားပြတိုက်(နေပြည်တော်)သို့ ဖိတ်ခေါ်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ဆိုင်ရာများကို ပညာပေးဆောင်ရွက်ခဲ့ရာ